အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2021
မိတ္ထီလာမြို့နယ်တွင် ခေါင်းဆောင်မှုအရည်အသွေးမြှင့်မားရေး ခေါင်းဆောင်မှု သင်တန်းကို ယမန်နေ့ နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေလုပ်သားများ ပင်လယ်ပြင်မှာ ကြုံရ မည့် အခက်အခဲများကို ဖြေရှင်းနိုင်စေရန်နှင့် ပင်လယ်ပြင်မှာ တွေ့ကြုံရ မည့် သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြေရှင်းနိုင်ရန် လုပ်ငန်းခွင်အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများ အတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု (Training on Basic On-job Skill for Fishermen)(2/2021)သင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jun 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်း စကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(၁) လယ်ဝေးနှင့် မူလွန်(ဗဟို)ကျောင်းတို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို သွားရောက်ဖြန့်ဝေခဲ့သည်။
Jun 23,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 23,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၂၃ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၈ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
Jun 23,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနသည် ယနေ့ နံနက်ပိုင်းက ဇုတ်သုတ် ကျေးရွာနှင့်ဇွဲကလာကျေးရွာတို့၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပေးလျက်ရှိကြောင်းသိရသည်။
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ပင်စင် လစာ များထုတ်ပေးလျက်ရှိသည်။
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်၂၃ ရက် နံနက်၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။