အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ "စေတနာ" သွေးနှင့် အောက်ဆီဂျင် ကူညီမှုအသင်းနှင့် အလှူရှင်များ စုပေါင်း၍ ယ‌မန်နေ့ (၉)နာရီအချိန်က အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Book Club အသင်းနှင့်စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က စာဖတ်ဝိုင်းကျင်း ပပြုလုပ်ခဲ့သည်။
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သံသယလူနာများ၊ StayHome သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို ထားရှိစစ်ဆေးရန်အတွက် Quarantine Centre အဖြစ် အသုံးပြုဆောင်ရွက်လုပ်ကိုင်မည့် ပေါက်ခေါင်းမြို့နယ် မြို့မအားကစားကွင်းအတွင်းရှိ မြို့နယ်အားကစားခန်းမ ကို ပြင်ဆင်‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ကို မြို့ထိပ်ဗိုလ်ချုပ်ပန်းခြံနှင့်ကျောင်းကုန်း- အိမ်မဲလမ်းဆုံတို့၌ ယနေ့နံနက် ၇ နာရီအချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
Jun 23,2021
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။
Jun 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်း များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်သည် ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆားလင်းကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်း နှင့်
Jun 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်စံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီ အချိန်က မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ချို​ထွေး က စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိုင်းစံမြို့နေ ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့သည်။