Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၇)နာရီခွဲ အချိန်က ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပလောက်မြို့ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပလောက်မြို့နေ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာပေဖတ်ရှုမှု မြင့်မားပြီး ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောရကျေးရွာ မြစိမ်းရောင်စီမံကိန်း မီးလင်းရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ကံကြီးကျေးရွာအုပ်စု တောရကျေး ရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအေးလွင်နှင့်အဖွဲ့က ဇွန်လ ၂၃ ရက်နေ့ မွန်လွဲပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးလှထွဋ်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကိုကိုဦး၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ (၁) ဦးလင်းလင်းထွန်းကျော်တို့နှင့်အတူ ဇွန်၂၃ရက်၊မွန်းလွဲ၂နာရီတွင် ရွှေနန်းထက်ဝင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေးအတွက် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့၌ လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက လုံခြုံရေးနှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်အထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တနင်္သာရီမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ရှင်းလင်းခြင်းနှင့် လူမှုရေးပင်စင် (၃၅၇) ဦးအတွက် ထောက်ပံ့ပေးအပ်ပွဲကျင်းပ…
Jun 24,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် ရုံးမှ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန် နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ရှင်းလင်းပွဲနှင့် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၃၅၇)ဦးတို့အတွက် လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်သီရိမျိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ကြ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ကျေးရွာအဆင့်ခေါင်းဆောင်မှုဆရာဖြစ်သင်တန်း ဖွင့်လှစ်
Jun 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုဆရာဖြစ်သင်တန်းကို ယနေ့ နံနက် (၉) နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် အသိပညာပေး
Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက သိန္နီမြို့မဈေး၊ စာသင်ကျောင်းများနှင့် ပြည်သူများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26485
Page
26486
Page
26487
Page
26488
Current page
26489
Page
26490
Page
26491
Page
26492
Page
26493
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department