ဆားလင်းကြီးမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပညာသင်ကြားနေမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

ဆားလင်းကြီး ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်သည် ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက  ဆားလင်းကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်း နှင့် မြောက်ရွာအခြေခံပညာ မူလတန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး ပညာသင်ကြားနေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်