ကျောင်းကုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ကို မြို့ထိပ်ဗိုလ်ချုပ်ပန်းခြံနှင့်ကျောင်းကုန်း- အိမ်မဲလမ်းဆုံတို့၌ ယနေ့နံနက် ၇ နာရီအချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများနှင့်ကျောင်းသားကျောင်းသူများအား နှာခေါင်းစည်း Mask နှင့် ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ မြို့မဈေးအတွင်း နှာခေါင်းစည်းများ တပ်ဆင်မှုရှိ/မရှိနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချခြင်း ရှိ /မရှိ တို့ကို စစ်ဆေးကာ အသိပညာပေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ အသက်(၂၅)နှစ်အရွယ်အမျိုးသမီး (၁)ဦးနှင့် ၎င်းနှင့်ထိစပ်သူ ညီမ ဝမ်းကွဲ(၂)ဦးစုစုပေါင်း(၃)ဦးအား ချောင်ကြီးတိုက်နယ်ဆေးရုံတွင် ထားရှိပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးထား ကြောင်း ၊ ဆက်လက်မပျံ့ပွားစေရန်ရည်ရွယ်ချက်ဖြင့် ယခုလို ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း
ဖြစ်ကြောင်း၊ ယနေ့ နှာခေါင်းစည်း mask (၁၅၀၀)ခန့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ဝင်းကြိုင်