မြောက်ဦး ဇွန် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်း များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်တွင်ပါရှိသော အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ် စို့၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းအကြောင်းအရာများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်သော ကာတွန်းများအားဝေဝေဆာဖော်ပြထားသော သတင်းစကား လက် ကမ်းစာစောင်များအား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများရုံးများ၊ အခြေခံပညာ ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ၊ လူစည်ကားရာနေရာများ၊ အငှားယာဉ် မောင်းနှင်သူများနှင့် လမ်းသွားလမ်းလာပြည်သူများလေ့လာဖတ်ရှုနိုင်ရန်အတွက် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများမှ အဆိုပါနေရာများ သို့သွား ရောက်ကာ ပြည်သူများလက်ဝေအရောက်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း