ညောင်လေးပင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ညောင်လေးပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးမြို့နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ညောင်လေးပင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူဝင်းက မြို့နယ်အတွင်းရှိ ကလေးသူငယ်ဖြစ်ရပ်များနှင့် ပတ်သက်၍ တင်ပြရာ တက်ရောက်လာသူများက အဆိုပါ ကလေးသူငယ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က အမျိုးသမီးကော်မတီ ပေါ်ပေါက်လာပုံနှင့် ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများနှင့် ဝန်ဆောင်မှုများအကြောင်းရှင်းလင်းပြောကြားရာ တက်ရောက်လာသူများ က အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိူသမီးကော်မတီ ဥက္ကဋ္ဌ ဦးမြို့နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်အမျိူသမီးကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်