အမြို့မြို့အနယ်နယ်သတင်းများ

Oct 11,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းနံဘေး၌ တည်ထားသည့် မိုးကောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ ဆက်ကပ်လောင်းလှူခြင်းကို အောက်တိုဘာ  ၁၁ ရက်နေ့ နံနက်က စေတီတော်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 11,2025
ဧရာဝတီတိုင်းဒေသကြီး၊  ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက  ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ ကွင်းအမှတ်-၄၀၀  တောင်သူ ဦးအေးသိန်း၏ ဆင်းသုခစပါးစိုက်ပျိုးသည့် လယ်ယာမြေ နှစ်ဧက၌ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 11,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ(၂)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2025
ချင်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ခေတ္တပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Oct 11,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် အောက်တိုဘာ ၉ ရက်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မဲစာရင်းများမှန်ကန်စေရေး၊ မဲဆန္ဒရှင်များ နေ့စဉ်လာရောက်ကြည့်ရှုရေး မိမိတို့ရပ်ကွက်/ကျေးရွာများသို့ နှိုးဆော်ပေးရန်မှာကြားသည်။ လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားမှုများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
Oct 11,2025
၂၀၂၅ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာစျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Oct 11,2025
ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။