အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 29,2024
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ​ ပြည်နယ် / ခရိုင် / မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဆရာ / ဆရာမများ၊ တပ်ရင်း/ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ တက်ရောက်သည်။
Sep 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့ကစတင်၍ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကစတင်၍ သင်တန်းသား၊ သင်တန်းသူများက မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းများကို မြို့ပေါ်အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စု(၄၀)စုအား လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
Sep 29,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
Sep 29,2024
မဟာအောင်မြေမြို့နယ်၊ ၂ဝ၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Sep 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ သန်းခေါင်စာရင်းကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၇ ရက် မွန်းလွှဲ ၁ နာရီက ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Sep 29,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သည့်အခါ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စေရေးအတွက် အဆင့်အတန်းရှိသော တည်းခိုခန်းများဖြစ်စေရေးနှင့် အရိပ်အာဝါသကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဟိုတယ်၊ တည်ခိုရိပ်သာပိုင်ရှင်များ၊ မန်နေဂျာများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရွှေနန်းတော်ဟိုတယ် ခန်းမ၌ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
Sep 29,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။