အမြို့မြို့အနယ်နယ်သတင်းများ

Oct 11,2025
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲ ပေးစက်(MEVM)ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက မြို့တော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Oct 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Oct 11,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်း တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှကျောင်းသား၊ ကျောင်းသူများ ကျန်းမာ သန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ခြင်များ ပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြတ်များနှင့် ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Oct 11,2025
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့မ​စျေးကြီး တွင်မီး​ဘေးကြိုတင်ကာကွယ်​ရေးစစ်ဆေး​ခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများ၊ စျေးတာဝန်ခံဦးရဲကြည်​ဆွေနှင့်​ စျေး​ကော်မတီဝင်များ၊​ စျေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2025
ကချင်ပြည်နယ်၏ တရားရေးမဏ္ဍိုင်အတွက် အဓိကကျသည့် ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်စိုးရအဖွဲ့နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 11,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းနံဘေး၌ တည်ထားသည့် မိုးကောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ ဆက်ကပ်လောင်းလှူခြင်းကို အောက်တိုဘာ  ၁၁ ရက်နေ့ နံနက်က စေတီတော်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 11,2025
ဧရာဝတီတိုင်းဒေသကြီး၊  ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက  ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ ကွင်းအမှတ်-၄၀၀  တောင်သူ ဦးအေးသိန်း၏ ဆင်းသုခစပါးစိုက်ပျိုးသည့် လယ်ယာမြေ နှစ်ဧက၌ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။