ကျုံပျော် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ ကွင်းအမှတ်-၄၀၀ တောင်သူ ဦးအေးသိန်း၏ ဆင်းသုခစပါးစိုက်ပျိုးသည့် လယ်ယာမြေ နှစ်ဧက၌ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကျုံပျော်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြင့်ထွန်းနှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ တောင်သူများ တက်ရောက်ကြပြီး၊ဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု၊ လက်ရှိအင်းမကျေးရွာအုပ်စုရှိ ကွင်းအလိုက် မျိုးကွဲအလိုက် စိုက်ပျိုးမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်သူ ဦးအေးသိန်း၏ လယ်မြေအတွင်း စံကွက်ရိတ်သိမ်းခြင်းအား စုပေါင်းဆောင်ရွက်ကြရာ တစ်ဧကလျှင် စပါးအစိုထွက် (၁၂၂.၅၄)တင်းနှင့် အခြောက်အထွက် (၁၁၂)တင်းထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)