Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် တရားမအမှုလိုက် လက်တွေ့ဘာသာရပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား
Sep 30,2024
မွန်ပြည်နယ် တရားမအမှုလိုက်လက်တွေ့ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်းခေါင်စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း
Sep 30,2024
ကရင်ပြည်နယ်အတွင်း ရပ်ကွက်(၆၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၉၅)စု၊ ကောက်ကွက်ပေါင်း (၁၈၅၂)ကွက်ဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက် နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ(၄/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကသန်းခေါင် စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စက်တင်ဘာ ၁၂ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အဆိုပါရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်၊ ကျေးရွာများရှိ ရေတွင်း၊ ရေကန်၊ လက်နှိပ်တုံကင်အစရှိသည့် သောက်သုံးရေအရင်းအမြစ်များအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်ဦးဆောင်၍ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့များ( Rapid Response Team) နှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
Sep 30,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောချောင်း ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Sep 30,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ၁၂ ရက်နေ့အထိ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီးစက်တင်ဘာလ ၁၃ ရက်နေ့မှာ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် ကလောချောင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင်ဆုရ ကျောင်းသား၊ ကျောင…
Sep 30,2024
၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင်ဆုရ ကျောင်းသား၊ ကျောင်းသူများအားကြိုဆိုခြင်းနှင့် မြို့နယ်အားကစားခန်းမတွင်၌ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း
Sep 30,2024
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့က အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပရာ ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဥပဒေရုံးများရှိ ဥပဒေအရာရှိများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် ရေဘေးကူညီရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စေတနာရှင် ဆရာတော်နှင့် ပြည်သူများက အစားအစာများ ထောက်ပံ့လှူဒါန်း
Sep 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကူညီလုပ်အားပေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးနယ်ဘက်မှ စေတနာရှင် ဆရာတော်နှင့် ပြည်သူများက အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2627
Page
2628
Page
2629
Page
2630
Current page
2631
Page
2632
Page
2633
Page
2634
Page
2635
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department