Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သဘာဝဘေး ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးလယ်ယာမြေများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင် စိုက်ပျိုး…
Sep 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးလယ်ယာမြေများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်ပြီး ရာသီ သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် နေအိမ်မျောပါပျက်စီးမှုများ ထောက်ပံ့နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်အောင်ပင်လယ်(ဆင်ပုန်း)ကျေးရွာ (ဓမင်းဆိပ်)ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 30,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနကကြီးကြပ်ဆောင်ရွက်သည့် အောင်ပင်လယ်(ဆင်ပုန်း)၊ မြစိမ်းရောင် (ငါးကဏ္ဍ)ကျေးရွာစီမံကိန်းက အကောင်အထည်ဖော်ဆောင်ရွက်သည့် အောင်ပင်လယ်(ဆင်ပုန်း)မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာ(ဓမင်းဆိပ်)ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 30,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ၊ အောင်သိဒ္ဓိရတနာပုံကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမိန္ဒအား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Sep 30,2024
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ရေဘေးသင့်ပြည်သူများအားနယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Sep 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အမှတ်(၂၀)ရပ်ကွက် ဝိသုဒ္ဓါရုံသိဥူးစာသင်တိုက်၌ ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ဆေးရုံကြီး(တောင်ငူ)မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအားအခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန…
Sep 30,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ပျော်ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်းခေါင်စာရင်းကောက်ယူရေး သန်လျင်၌ သင်တန်းဆင်းပွဲကျင်းပ
Sep 30,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း လာမည့်အောက်တိုဘာ(၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Sep 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၈ ရက်နေ့က (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2626
Page
2627
Page
2628
Page
2629
Current page
2630
Page
2631
Page
2632
Page
2633
Page
2634
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department