Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အထူးကောက်ယူဆောင်ရွက်
Oct 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အထူးကောက်ယူခြင်းကို ခရိုင်/မြို့နယ် သန်းခေါင် စာရင်းကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
Oct 01,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်
Oct 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၁/၂/၃/၄/၅) ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နံနက် ၈ နာရီခွဲကစတင်ကာ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်
Oct 01,2024
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 01,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အမှတ်စဥ် (၁/၂၀၂၄-၂၀၂၅) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သဲကုန်းမြို့ အမှတ် (၉၄) စက်မှုလယ်ယာစခန်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်
Oct 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပင်းတယမြို့၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr. မို့မို့ကြည်မှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ဒဏ်ခံခဲ့ရသည့်အိမ်များရှိ ရေနစ်မြှုပ်ခဲ့သည့် ရေလှောင်ကန်များအတွင်း ကျန်းမာရေးနှင့်ညီညွတ်စွာ အသုံးပြုနိုင်စေရန် သန့်ရှင်းသောရေရရှိစေရန်အတွက် Chlorine ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ
Oct 01,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်သန်းခေါင်စာရင်းကော်မတီ မင်းလှမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှု့အားပေး
Oct 01,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များသည် အောက်တိုဘာ (၁) ရက်နေ့ နံနက်ပိုင်းက မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများအားကြည့်ရှု့ အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2623
Page
2624
Page
2625
Page
2626
Current page
2627
Page
2628
Page
2629
Page
2630
Page
2631
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department