ရေတာရှည် အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲ ပေးစက်(MEVM)ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက မြို့တော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် သင်တန်းတွင် လာမည့်ရွေးကောက်ပွဲ၌ MEVMမဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား MEVM မဲပေးစက်များ တပ်ဆင်ခြင်း၊ စက်များကိုကိုင်တွယ် အသုံးပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင်မဲပေးစက် အသုံးပြုပုံအဆင့်ဆင့်တို့ကို ဆရာဦးဟန်ထွန်းဇော်(နည်းပညာတက္ကသိုလ်)က လာရောက်ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်ဝန်ထမ်းများ စုစုပေါင်း(၂၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ(၁)ရက်တာပို့ချမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)