အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 11,2025
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို  အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဆောင်ရွက်ကြောင်း သိရသည်။
Oct 11,2025
မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ(၁)ရက်မှ (၂၀)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေး အတွက်ဘုရား ပရဝဏ်အတွင်း အဆောက်အအုံများနှင့် ဈေးဆိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်းခြင်းကို အောက်တိုဘာ (၈) ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2025
တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဝူရှူးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အချိန်တွင် အားကစားသမားများအတွေ့အကြုံကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပထမအကြိမ်ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီက  တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတ ရေးရာ ဝန်ကြီးဦးစိုင်းလိတ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူး(ထောက်လု)အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Oct 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက World Sight Day အထိမ်းအမှတ်အဖြစ် အခမဲ့ ဆေးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းက စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ကက်သလစ်သာသနာနှင့်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဒေသခံတိုင်းရင်းသားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်အတွက် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဝါးချောင်း‌ကျေးရွာ၌ ကျင်းပခဲ့သည်။
Oct 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပြု ဘာသာရပ်များ မိတ်ဆက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာ ထားဝယ်တက္ကသိုလ်မှ ဆရာ/မများက မြကျွန်းညိုညို သီချင်းဖြင့်  သီဆိုဖွင့်လှစ်သည်။
Oct 11,2025
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲ ပေးစက်(MEVM)ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက မြို့တော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။