Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ကူးတံတား(ထမံ…
Oct 01,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်တိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ရှိ မေတ္တာဆည်သို့ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ မြို့နေပြည်သူများ သောက်သုံးရေအသုံးပြုနိုင်ရန်အတွက် ရေဂါလံ ၃၄ သိန်း သိုလှောင်ထားနိုင်သည့် အကျယ် ၁ ဧကကျော်ရှိ စိမ့်စမ်းရေထွက်အား ဆည်ပိတ်ကာ အနက် ၁၂ ပေတူးဖော်ထားသည့် မေတ္တာဆည် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်
Oct 01,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ကျင်းပသည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 01,2024
(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနန်းနှင်းအိခိုင်က အသိပညာပေးဟောပြောသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ
Oct 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကြာအင်းကျေးရွာ ဘောလုံးကွင်းနှင့် ကွမ်ဘီကျေးရွာဘောလုံးကွင်းတို့၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးအဖွဲ့ဝင်များမှ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်း
Oct 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နာယကများပူးပေါင်း၍ မြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာအိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲဝင်များအား ကြိုဆိုဂုဏ်ပြုအခမ်းအနား ကျင်းပ
Oct 01,2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ခဲ့သည့် လင်းခေးခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို စက်တင်ဘာ ၂၉ မွန်းလွဲ ၂ နာရီက မြို့နယ်နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ပလပ်စတစ်အိတ်သုံးစွဲမှု လျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေ
Oct 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလပ်စတစ်အိတ်လျော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အနာ်ရထာခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2621
Page
2622
Page
2623
Page
2624
Current page
2625
Page
2626
Page
2627
Page
2628
Page
2629
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department