တံတားမြို့၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲကျင်းပ

တံတား အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၅)သင်တန်းဆင်းပွဲကို ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်၌ ယနေ့ နံနက်  ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူးဦးရန်အောင် မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်တန်းမြို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက သင်တန်းသားများအား ဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့သင်ကြားလေ့ကျင့်ထား သည်များကို အများအကျိုးအတွက်အကျိုးရှိစွာကူညီဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပြီး နောက်သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)