ရန်ကုန် အောက်တိုဘာ ၁၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်၊ မဉ္ဇူလမ်း(၃၀)၌ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်အား ဆေးဖြန်းခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် နေအိမ်များနှင့် နေအိမ်ဝန်းကျင်တို့၌ ခြင်ဆေးဖြန်းခြင်း၊ ရေတွင်း၊ ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့် နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)