တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ

ငပုတော အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ ခရိုင်‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအုန်းခင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုးက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် မဲစာရင်းမှန်ကန်စေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲပြီး မြို့ပေါ်(၄)ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူးရုံးများ၌ ကြော်ငြာထားသည့်မဲစာရင်းများအား ကြည့်ရူစစ်ဆေးခြင်း မဲစာရင်းလာရောက်ကြည့်ရှု့သူများနှင့် တွေ့ဆုံ၍မဲစာရင်းပါရှိမှု ရှိ/မရှိ တွေ့ဆုံဆွေနွေး၍ မဲစာရင်းမပါရှိပါက သတ်မှတ်ပုံစံများနှင့် လျှောက်ထားစေရေး အသိပညာဆွေးနွေးပြောကြားပြီး နိုင်ငံရေးပါဝာီများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လိုအပ်သည်များ ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်အတွင်း မဲစာရင်းများ ကြော်ငြာကပ်ထားမှုအား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)