ရန်ကုန် အောက်တိုဘာ ၁၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ တီဘီ၊ ဆီးချိုဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများ ခံယူနိုင်ရန် (အခမဲ့) စမ်းသပ်စက် ကိရိယာ များဖြင့်စစ်ဆေးခြင်း၊ တီဘီသံသယလူနာများရှာဖွေပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆီးချို၊သွေးတိုးဝေဒနာရှင်များ၊ တီဘီဝေဒနာရှင်များအား စမ်းသပ်စက် ကိရိယာများဖြင့်စစ်ဆေးခြင်း၊ ဆေးများ (အခမဲ့)ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ