ကျွန်းစု စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ပထော်ကျေးရွာနှင့် ပထက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွား နှင့် တာဝန်ရှိသူများက MEVM စနစ်ဖြင့် မဲပေးခြင်းဆိုင်ရာနည်းစနစ်များ၊ မဲပေးစက်နှင့် မဲပေးပုံ အဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြခဲ့ကြကာ အဆိုပါကျေးရွာရှိ မဲဆန္ဒရှင်များအား MEVM စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို စမ်းသပ်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်မြင့်