‌‌မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မအူပင် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မအူပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မအူပင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ မအူပင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မအူပင်မြို့နယ် ဦးစီးအရာရှိ (မြို့ပြ)(တာဝန်)တို့မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်(မြို့ပြ)မှ လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)