Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၉၂၀) ဦးအနက် (၈၃၁) ဦးဆေးရုံဆင်းခွင့်ရရှိ
Sep 06,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံ့ပျောက်ဝေဒနာ ခံစားနေရသူမျာအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် RDT Test Kit ဖြင့် ယမန်နေ့ကစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့နယ် Community Centre ခန်းမတွင် ‘ပန်းခင်းစီမံချက်”ဖြင့် အသိပညာပေး (Talk Show) ဆောင်ရွက်
Sep 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ‘ပန်းခင်းစီမံချက်”ဖြင့် အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်(၁၀)နာရီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့နယ်တွင် ရောဂါသက်သာပျောက်ကင်းသူ လေးဦးရှိကာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၃၈ ဦးရှိလာ
Sep 06,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူ နေသူများအနက် ရောဂါသက်သာ ပျောက်ကင်းသူ လေးဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၃၈ ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၉၈ ဦး ဆက်လက်ဝင်ရောက်
Sep 06,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ၁၉၈ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြိုရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ ဆက်လက်ဖြည့်သွင်းပေးလျက်ရှိ
Sep 06,2021
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ( ၅ ) ၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဦးဆောင်ကာ ပြည်သူမျာ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို စေတနာ ရှင်ပြည်သူများ၏ စုပေါင်းအလှူငွေများဖြင့် တည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်များကို လူမျိုးဘာသာ နေရာဒေသမရွေး အခမဲ့ဖြန့်ဝေပေး လျက်ရှိသည် ။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၂၀၀၀ ဦး ထိုးနှံပြီး
Sep 06,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၂၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၅၅၀၂) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်(၃၉၁၅) ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြ…
Sep 06,2021
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ အခြေခံစားကုန်များကို ရွေ့လျားစျေးကားစနစ်ဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေးလျက်ရှိ
Sep 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ၊ ရွှေဂုံရိပ်မွန်အိမ်ရာတွင် လည်းကောင်း၊နံနက် (၈) နာရီတွင်အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ လူမှုဝန်ထမ်း အိပ်ရာတွင်လည်းကောင်း၊ နံနက် (၉) နာရီတွင်ငါးထပ်ကြီး တောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရား လမ်းသွယ်ရှိ ငါးထပ်ကြီးတောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် လည်းကောင်း၊ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ကြက်ဥ၊ဆိတ်သားနှင့် အမဲသား များကို ဈေးနှုန်းသင့်တင့်စွာ လာ ရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25841
Page
25842
Page
25843
Page
25844
Current page
25845
Page
25846
Page
25847
Page
25848
Page
25849
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department