ကျောက်ဖြူမြို့နယ်တွင် ရောဂါသက်သာပျောက်ကင်းသူ လေးဦးရှိကာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၃၈ ဦးရှိလာ

ကျောက်ဖြူ  စက်တင်ဘာ  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူ နေသူများအနက် ရောဂါသက်သာ ပျောက်ကင်းသူ လေးဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၃၈ ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရှိရသည်။

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ Fever Cornerနှင့် ဇင်ချောင်း၊ စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါ လက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါကူးစက်ခံရသူတို့နှင့် ထိတွေ့ဆက်စပ်သူများနှင့် Stay at Home  ဒေသများမှ ပြန်လည်ရောက်ရှိလာသူများအား Quarantine Center ထားရှိပြီး  (RDT) Test Kit ဖြင့် ၁၁ ဦးစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉  ရောဂါ တစ်ဦးမှ မတွေ့ရှိခဲ့ပါ။ ဆေးကုသခံယူနေသူများအနက် ကိုဗစ်-၁၉ ရောဂါ လက္ခဏာမပြပဲ သက်သာ ပျောက်ကင်းသူ ကျောက်ဖြူဆေးရုံမှနှစ်ဦးနှင့်စနဲဆေးရုံမှ နှစ်ဦး စုစုပေါင်း လေးဦးအား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာကြရန်မှာကြားပြီး ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

အဆိုပါ ပိုးတွေ့ရှိသူ ခရိုင်နှင့် မြို့နယ်များတွင် ဇူလိုင်လ ၃ ရက်နေ့မှ စက်တင်ဘာလ ရက်နေ့၊ ညနေ နာရီအထိ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေး အတည်ပြုသူ စုစုပေါင်း ၅၁၅ ဦးအနက် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၃၈ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၂၆ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၅၁ ဦး ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း