အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက် (၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ ယနေ့အထိ စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ (၃၅၃၃) ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Sep 07,2021
ဦးခင်မောင်စိုး ( မင်းဘူးမြို့ ) မေး။ ဦးလေးမင်္ဂလာပါရှင့်၊ ဦးလေးရဲ့ နာမည်လေးနဲ့ ဘယ်ကနေလာပြီးတော့ ကာကွယ်‌ဆေး ထိုးတာလဲဆိုတာလေး ပြောပြ ပေးပါအုံးရှင့်။ ဖြေ။ ဦးနာမည် ဦးခင်မောင်စိုးပါ၊ မင်းဘူးကပါ။ မေး။ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့ နောက်ပိုင်းမှာပေါ့နော် ဦးလေးအနေနဲ့ ဘယ်လိုခံစားရသေးလဲရှင့်၊ ဖျားတာတို့၊ နာကျင်တာတို့။
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် မိုးနှောင်းဝါသီးနှံ စိုက်ပျိုးမည့် တောင်သူများအား ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
Sep 06,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ စျေးသူဈေးသားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက်(၈း၀၀)အချိန်က မြို့မစျေးရှေ့ လမ်းသွယ်တွင် RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
Sep 06,2021
ဘုန်းတော်ကြီးကျောင်းများ၏ တင်ပြတောင်းခံမှုအရ အရှည် ၂၂၅၀ ပေအကျယ် ၁၈ပေ ထု ၆ လက်မ ကွန်ကရိခင်းခြင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ရှိ မြဝတီမင်းကြီးလမ်းအား မြို့တော်ဝန် ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များမှ ယနေ့နံနက် ၉နာရီ၃၅မိနစ်အချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်ထံမှ သိရှိရသည်။
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့ နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မျိုးစေ့ထုတ်  တောင်သူများအား  မျိုးစေ့နှင့် ဓာတ်မြေသြဇာ  ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန ၊မြို့နယ်ဦးမှူးရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။