အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2021
ဦးခင်မောင်စိုး ( မင်းဘူးမြို့ ) မေး။      ဦးလေးမင်္ဂလာပါရှင့်၊ ဦးလေးရဲ့ နာမည်လေးနဲ့ ဘယ်ကနေလာပြီးတော့ ကာကွယ်‌ဆေး ထိုးတာလဲဆိုတာလေး ပြောပြ            ပေးပါအုံးရှင့်။            ဖြေ။       ဦးကနာမည် ဦးခင်မောင်စိုးပါ၊ မင်းဘူးကပါဘဲ။  
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများစိုက် ပျိုးထားသည့် ပင်ထောင်မြေပဲခေါ်သုံးလမြေပဲများစတင်နှုတ်သိမ်းနေပြီဖြစ်ရာ အထွက် နှုန်းကောင်းမွန်ခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ မြေပဲတစ်တင်းကျတင်းသုံးဆယ် ထိထွက်ရှိနေကြောင်း ငါ့မင်းမေးကျေးရွာ မြေပဲစိုက်ပျိုးတောင်သူ ဦးမောင်လေးကရှင်းပြ ၍သိရသည်။
Sep 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်တွင် အညှာခိုင်မှုအသင့်အတင့်ရှိသော ရေအနည်းလို စပါးမျိုးများအကွက်ကျယ် သရုပ်ပြစမ်းသပ်စိုက်ပျိုးခြင်းကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Sep 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးမှူး ဦးထွန်းဆွေ ဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လို သူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ကညင်ချောင်းကျုံဖားကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရသည်။
Sep 07,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ် ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ  စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရန်အလို ၁၆၆၇ စင်တီမီတာ မှ အောက်သို့ မြစ်ရေများ ဆက်လက်လျော့ကျလျက်ရှိရာ ၁၅၁၀ စင်တီမီတာသို့ ‌‌ရောက်ရှိပြီဖြစ်၍ ၁၅၇ စင်တီမီတာ ၅ ဒသမ ၁၅ ပေသို့ ပြန်လည်လျော့ကျသွားကြောင်း သိရသည်။
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်း နှစ်သက်တမ်း ၉၀၀ခန့်ရှိ အုတ်တိုက်အမှတ် ၁၃၁၅သည် စက်တင်ဘာ ၆ရက် ည ၇နာရီခွဲအချိန်ခန့်က ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Sep 07,2021
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိသာ သနာဗိမာန်စုရပ်နှင့် ကျေးလက်ကျန်းမာရေးဌာနစုရပ (၄)နေရာတို့တွင် ယမန်နေ့နံနက်(၁၀)နာရီက စတင်‌ထိုးနှံပေးသည်။