Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အင်တောမြို့ ဆီဆုံဂနိုင်ကျေးရွာတွင် ဒေသခံပြည်သူ(၂၅၂)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT- Test Kit ဖြင့် အခမဲ့ကွင်းဆင်း စစ်ဆေးပေး
Sep 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ကျောက်ဂူကျေးအုပ်စု၊ ဆီဆုံဂနိုင်ကျေးရွာတွင် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kitဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ဆီဆုံဂနိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ကလေးငယ်များပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်
Sep 06,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လစဉ်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်သို့ရောက်ရှိပြီး သဖန်းဆိပ်ဆည် ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးစိုးနိုင်က ဆည်အတွင်းရေဝင်ရောက်မှု၊ တိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာများတွင် မိုးသီးနှံ၊ နွေသီးနှံများစိုက်ပျိုးရာတွင် ရေပေးဝေနိုင်မှုနှင့် တရားမဝင်ရွှေမျှောလုပ်ကိုင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် နယ်မြေခံတပ်ရင်း တပ်ဖွဲ့မိသားမှ အလှူငွေများ ပေးအပ်
Sep 06,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနာများအတွက် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေးအတွက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့မိသားမှ အလှူငွေများအား ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ နေရပ်စွန့်ခွာ၍ စခန်းများ၌ ခိုလှုံနေကြသော အသက်(၁၈)နှစ်အထက်ပြည်သူ (၁၁၄၀)ဦး ပထမအကြိမ် ထိုးနှံပေးပြီး ဖြစ်ကြောင်းသိရ
Sep 06,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နေရပ်စွန့်ခွာ၍ စခန်းများ၌ ခိုလှုံနေကြသော အသက်(၁၈)နှစ် အထက်ပြည်သူများအား (၁၁၄၀) ဦးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမ အကြိမ် ထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ရွှေအမ်းတောင် ခန်းမ၌ စက်တင်ဘာလ(၆)ရက် နံနက်(၉)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်လျက်ရှိ
Sep 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် လများအတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ရေးအစီအစဉ် (MCCT)အရ တတိယ သုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ လများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Sep 06,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မြစ်သားမြို့နယ် အတွင်း ရှိကျေးရွာ ၁၅ ရွာ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုယခုနှစ် ဖေဖော်ဝါရီလမှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့မဈေးကြီးရှိ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါပိုး RDT Test Kit ဖြင့်စစ်ဆေးပေး
Sep 06,2021
မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာရေးဌာနမှ ကြီးကြပ်၍ မိုင်းရယ်မြို့မဈေးကြီးအတွင်းရှိ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး ပေးခြင်းကို ယနေ့ နံနက်(၉)နာရီက မိုင်းရယ်မြို့ မြို့မဈေးကြီးအတွင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25843
Page
25844
Page
25845
Page
25846
Current page
25847
Page
25848
Page
25849
Page
25850
Page
25851
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department