ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၂၀၀၀ ဦး ထိုးနှံပြီး

ဝက်လက်  စက်တင်ဘာ  ၆

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၂၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို ရဟန်းသံဃာများ၊ ကာကွယ်ဆေး မထိုးရသေးသည့် ဝန်ထမ်းများ၊ ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက ဆေးခန်းများမှ ဝန်ထမ်းများ ၊ စက်ရုံ ၊အလုပ်ရုံများတွင် လုပ်ကိုင်နေသူများ ၊ဘိုးဘွား ရိပ်သာမှ သက်ကြီးဘိုးဘွားများ၊ သီလရှင်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများ ၊  စျေးရောင်းချသူများကို ထိုနှံပေးပြီးကြောင်း သိရသည်။

ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ဝက်လက်မြို့နယ်အတွင်း စုရပ် သုံးခုတွင်  နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ၊   စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့ များတွင် လူဦးရေ ၂၀၀၀ ဦး ကို ထိုးနှံပြီးကြောင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရှိရပါသည်။

စိုးစိုးလှိုင်