အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်စမ်းသပ်ထုတ် လုပ်နေမှု အခြေအနေ အား ယမန်နေ့မွန်းလွဲ ၂နာရီခွဲက ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
Sep 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအားနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်၂နှစ်အောက်ကလေး များအတွက်လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလ  စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွားများနှင့်ဦးစားပေးအဆင့်လိုက် ပြည်သူ(၆၈၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒုတိယနေ့အဖြစ်ယမန်နေ့ နံနက်ပိုင်းနာရီအချိန်မှ စတင်ကာ အထက- ၁၊ အထက -၃ကျောင်းခန်းမများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 07,2021
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိအခြေခံအိမ်ထောင်စုများအား ကိုဗစ်ကာလအတွင်း စားဝတ် နေရေးအထောက် အကူပြုရန် အခြေခံစားကုန်ဆန်များ ထောက်ပံ့ပေးခြင်းကို မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်းတွင်  ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နှင့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြေခံအိမ်ထောင်စုဝင်များ တက်ရောက် ခဲ့ကြသည်။
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ဒေသခံမိဘ ပြည်သူ များ၏ အောက်စီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် မင်းဘူးမြို့၊ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ရုံးဝင်းအတွင်း၌ တည်ဆောက်နေသော အောက်စီဂျင်စက်ရုံအတွက် အောက်ဆီဂျင် စက်နှင့် ဆက်စပ်ပစ္စည်းများ ယမန်နေ့ မွန်းလွဲပိုင်းက စတင်ရောက်ရှိ ခဲ့ကြောင်း သိရသည်။
Sep 07,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေသနေပြည်သူများ မွေးမြူရေးလုပ်ငန်းများတိုးတက်စေရန်၊ တိရစ္ဆာန်မွေးမြူရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် ရောဂါများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရှိရသည်။
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ရက်နေ့တွင် အသက် ၆၅နှစ်အထက်သက်ကြီး အဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများပင်ပန်းမှုသက်သာစေရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်(၇)နေရာအပြင်၊ နောက်ထပ်လေးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက် ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
Sep 07,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က ဆက်လက်ချေးပေးလျက်ရှိရာ အုပ်စုပေါင်း ၂၈အုပ်စု၊ တောင်သူပေါင်း ၇၅၆ ဦးနှင့် စပါး ၁၆၇၇ ဧက၊  နှမ်းသီးနှံစိုက်ဧက ၃၀၆၀ ဧကအတွက် ကျပ်သိန်းပေါင်း ၅၅၇၅.၅၀ ကျပ်ကို  ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။