နတ်မောက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံ့ပျောက်ဝေဒနာ ခံစားနေရသူမျာအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် RDT Test Kit ဖြင့် ယမန်နေ့ကစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အတည်ပြု လူနာများမှာ တွင်းကြီးကျေးရွာ(၁)ဦး၊ စိုင်ကောင်းကျေးရွာ(၁)ဦးတို့ဖြစ်သည်။
နတ်မောက်မြို့နယ်တွင် အတည်ပြုလူနာ(၉၂၀)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၈၃၁)ဦး၊ ကျန်ရှိပိုးတွေ့လူနာ (၂၇)ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများတွင် ထားရှိ၍ သေဆုံးသူ(၆၂)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
လှဝင်း (နတ်မောက်)