အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်က်ိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတုတ္ထနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ နေ့လယ်၁၂နာရီထိ လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိလည်းကောင်း၊ အချိန်ခွဲခြားသတ်မှတ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးထိုးစုရပ်နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၂) ခန်းမဆောင်တွင်ပြုလုပ်ခဲ့သည်။
Sep 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်  ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ Volunteerများ အား သတ်မှတ်စုရပ်နေရာတို့၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
Sep 06,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်းဝင်းရှိ တိုက်ပွဲရှောင် ပြည်သူ (၆၆)ဦးတို့အား ကိုဗစ် -၁၉ ကာကွယ်ဆေး (SINOVNC)ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လမ်းမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 06,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း ၅၈၁၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အတွင်းရှိ ငါးဖမ်းကွက်(၉)ခုတို့အား အိတ်ဖွင့် တင်ဒါရောင်းချပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း မြို့တွင်း တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်(၁၀) နာရီခွဲက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် ဇူလိုင်လ (၃၀)ရက်နေ့မှ သြဂုတ်လ (၄)ရက်နေ့အထိ(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား  ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ စက်တင်ဘာလ (၄)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွား  (၁၇၀၉)ဦး၊ စေတနာ့ဝန်ထမ်း (၅၅၀)ဦး၊ ဘုန်းကြီး၊ သီလရှင်(၁၀၄)ဦး၊ နိုင်ငံဝန်ထမ်း(၁၈၉)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု( ၇ဝ၁)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၁)ဦး၊ပုဂ္ဂလိကစက်ရုံဝန်ထမ်း(၄၇)ဦး၊ အကျဥ်းသား(၁၅)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း   (၅၀)ဦး၊ စျေးရောင်းသူ(၂၈၀)ဦး၊ စုစုပေါင်း(၃၆၄၆)အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။