အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မိုဘိုင်းစစ်ဆေးရေး ယာဉ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ကိုဗစ် - ၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထားရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီက မြင်ချင်ကျေးရွာရှိ ကွင်းအမှတ် ၃၀၃၁၊ ဦးပိုင်အမှတ်(၂၇) တောင်သူ ဦးရွှေမောင်၏ စိုက်ကွင်းတွင် စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။
Sep 07,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ် နှင့်အထက်သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်နေ့ရက်အလိုက် စုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အထက(၁)ကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီ အချိန်တွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၃ ရက်နေ့နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင်.ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း (၈၀၀)ဦး ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရဿည်။
Sep 07,2021
ဂန့်ဂေါမြို့တွင် စေတနာရှင်များ၏အားဖြင့် အောက်ဆီဂျင်စက်ရုံကို ဇူလိုင်လလယ်မှ စတင်ကာ နေရာရွေးချယ်ခြင်း၊ ပန္နက်တင်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ မော်တော်ယဉ် ဝင်ထွက်သွားလာမှု အဆင်ပြေနိုင်ရန် အဝင်လမ်း၊ အထွက်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ အားလုံး စက်တင်ဘာ ၅ ရက်တွင် ပြီးစီးပြီ ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေးကော်မတီမှ သိရသည်။
Sep 07,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ရေဘေးအန္တရာယ်ဆိုင်ရာရေပြင် သက်ကယ် ရှာဖွေ ကယ်ဆယ်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၈နာရီကမင်းပိုင်း ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ဝါးခယ်မမြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။
Sep 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။