ကျွန်းစုမြို့နယ်    Community Centre ခန်းမတွင်   ‘ပန်းခင်းစီမံချက်”ဖြင့် အသိပညာပေး (Talk Show) ဆောင်ရွက်

ကျွန်းစု စက်တင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊   ကျွန်းစုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန      Community Centre   ခန်းမတွင် ‘ပန်းခင်းစီမံချက်ဖြင့်  အသိပညာပေး   (Talk  Show)  အစီအစဉ်ကို  ယနေ့ နံနက်(၁၀)နာရီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက (Talk  Show)   ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို   ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဦးစီးအရာရှိ ဦးဇော်ထွန်းလင်းက “ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်   ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရာတွင် ပါဝင်ရမည့် အချက်အလက်များအားသိရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခြင်း၊   ကျွန်းစုမြို့နယ်တွင်  နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် လူဦးရေ (၁၃၀၆၀)ဦး ရှိပြီး  (၁၃၀၂)ဦး ဆောင်ရွက်ပြီးစီး၍  ဆောင်ရွက်ရန်ကျန်ရှိသူ (၁၁၇၅၈)ဦးနှင့်   အိမ်ထောင်စုစာရင်း ဆောင်ရွက်ရန် (၃၂၆၅)စုရှိပြီး (၃၇၄)စုဆောင်ရွက်ပြီးစီး၍  ဆောင်ရွက်ရန် ကျန်ရှိမှုမှာ(၂၈၉၁)စုရှိပြီး   ကျန်ရှိမှုများအားကွင်းဆင်း၍ ဆက်လက်ဆောင်ရွက် ပေးသွားမည် ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးသန္တာဖြိုး (ကျွန်းစု)