အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ကလိန်အောင်မြို့ အတွင်းရှိအသက် (၅၅)နှစ်မှ အသက် (၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို စက်တင်ဘာ  ၁၆ ရက်နေ့နံနက် (၈:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီအတွင်း  အ-ထ-က၊ ကလိန်အောင် ကျောင်းခန်းမတွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ဇဝဲကျေးရွာအုပ်စုကိုဗစ်-၁၉ကာ ကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌမှကြီးကြပ်လျက် ဇဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အရှေ့နေရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုးချဲ့ဖွင့်လှစ်၍ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ တို့တွင် စစ်ဆေးမှုများအဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ စက်တင်ဘာလ ၁၅ရက်နေ့ က သိရှိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကြမ်းခင်း ဈေးပြင်ဆင်ရောင်းချ သည့် အင်း၊ တင်ဒါချက်များ လေလံရောင်းချခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်၂ လမ်းခန်းမ ၌ ပြုလုပ်ခဲ့သည်။
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ရှမ်းဘာ သာဖြင့် အသိပညာပေး လိုက်လံနှိုးဆောင်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ယမန်နေ့က ဒုတိယ အကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ စုစုပေါင်း ၃၉၀ ဦးကို ထိုးနှံပြီးစီး ခဲ့ကြောင်း သိရသည်။
Sep 15,2021
သထုံခရိုင်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများနှင့် အောက်ဆီဂျင်စက်ရုံတွင်အသုံးပြု နိုင်ရန်အတွက် စေတနာရှင် ပြည်သူများမှ ယနေ့ နံနက်ပိုင်းက အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဉီးကို မြန်မာတာဝန်ရှိသူများမှ ယမန်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့်ကျေးရွာများအရောက် အိမ်ထောင်စု၊ လူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပန်ဆန်းကျေးရွာအုပ်စုနှင့်မြို့မကျေးရွာအုပ်စုတို့တွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့​သည်။