ဟုမ္မလင်း သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅) နှစ်ထိ ကလေးများအား မျက်စိအားဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်၊ မိခင်ကလေးကျန်းမားဌာန၊ အောက်ဆေးရုံတွင် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်(၆)လမှ (၅)နှစ်ထိကလေးငယ်များကို ဗီတာမင် အေနှင့်မျက်စိအားဆေး သန်ချဆေးတိုက်ကျွေးခြင်းကို မြို့နယ်ကျန်း မာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်အေးသီတာခိုင်၊ ဆရာမ ဒေါ်လွန်းထက်ဝေနှင့်တာဝန်ရှိသူများက နံနက်(၉)နာရီမှ ညနေ(၄)) နာရီခွဲထိ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့ပေါ်ရှိ နောင်ပကျစ်ရပ်ကွက်တွင်(၂၈ဝ)ဦး၊ နောင် ပကျစ်တောင်ပေါ် (၁၄၉)ဦး၊ ခိုပဲဝရပ်ကွက်တွင် (၂၁၉) ဦးခန့်ကို အသက်(၆)လမှ (၅)နှစ်ထိ ကလေးများအား တိုက်ကျွေး ပေးသွား မည်ဖြစ်ကြောင်းနှင့် ယင်းဗီတာမင်အေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ် တိုက်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)