ရန်ကုန် ဩဂုတ် ၁၃
ကလေးငယ်များ ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျှင် ပြင်းထန် ပြီးအသက်အန္တရာယ် ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါဖြစ်တတ်ခြင်း၊ အပြင်တိမ်စွဲ၍မျက်စိ ကွယ်တတ်ခြင်းစသည့် ရောဂါများကင်းဝေးပြီး ဗီတာမင်အေပြည့်ဝကာ ကျန်းမာ၊ သန်စွမ်းသော ကလေးငယ်များ ဖြစ်စေရန်အတွက် သာကေတမြို့နယ်၊ (၇)အရှေ့ ရပ်ကွက်ရှိ ဝီရိယာဓိက သာသနာ့ ဗိမာန်တွင် ယနေ့နံနက်(၉)နာရီ၌ ဗီတာမင်အေဆေးနှင့်သန်ချဆေးများကို မြို့နယ် ကျန်းမာရေး ဦးစီးဌာန နှင့်လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
အသက်(၆) လမှ(၅)နှစ်ထိကလေးငယ်များကို ဗီတာအေ တိုက်ကျွေးခြင်းနှင့် အသက်(၂)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ် များအား သန်ချဆေးတိုက်ကျွေးခြင်းများကို ဩဂုတ်လကုန်ထိ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်အလိုက် တိုက်ကျွေး သွားမည် ဖြစ်ကြောင်းသိရသည်။
ကိုဘုန်း(ပြန်/ဆက်)