တောင်ဥက္ကလာပမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံ ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကို ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦးနှင့် ဝန်ထမ်းများ သည် လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များ ဖွင့်လှစ်ရာတွင် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး အကာ အကွယ်များဖြင့် စားသောက်နိုင်ရန် စီစဉ်ထားရှိမှု၊ ဆိုင်ဝန်ထမ်းများအား နှာခေါင်းစည်း (Mask)နှင့် မျက်နှာ ကာများ စနစ်တကျတပ်ဆင် ထားရှိမှု၊ လက်ဆေးဘေစင်များ ထားရှိမှု၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာ အဝေးများတွင် စားသုံးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်ပိုစတာများအား စားသုံးသူများ သိရှိနိုင်ရန် စနစ်တကျ ချိတ်ဆွဲ ထားခြင်းရှိ/မရှိ စသည့် ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင်များနှင့် စားဖွယ်စုံဆိုင်များ၌ ပြင်ဆင်ထားရှိရန် အချက်များ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရ မည့်အချက်များ အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထက်ထက်(ပြန်/ဆက်)