အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာ သူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဈေးများဌာနမှ ခရိုင်ဦးစီးအရာရှိ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း၊ ဈေးတာဝန်ခံများနှင့် အတူ အောက်မင်္ဂလာဒုံ လမ်းပေါ်ရှိ ဖော့ကန်ဈေးနှင့် အောင်ဆန်းဈေး များအတွင်းရှိ ဈေးသည် များအား ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်း ရှိ/မရှိ၊ နှာခေါင်းစည်းများ တပ်ဆင် ထားခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် ဈေးသည် များအား ဈေးဌာန ဝန်ထမ်းများမှ ဒဏ်ကြေးပေးဆောင်စေခြင်းများဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကို အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)