အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေး တာဝန်ခံရုံးခန်းအသစ် ပြန်လည်တည်ဆောက်နေမှုအား ကွင်းဆင်း စစ်ဆေး

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အောင်ဆန်းဈေး တာဝန်ခံ ရုံးခန်းအသစ် ပြန်လည်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေး ခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ ဉက္ကဌ ဦးသိန်းသန်းနှင့် တာ ဝန်ရှိသူများသည် ဈေးများ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့် အောင်ဆန်းဈေးတာဝန်ခံ ဒေါ်ခင်သန္တာ ထွေးတို့နှင့်အတူ အောင်ဆန်းဈေး တာဝန်ခံရုံးခန်း အသစ်ပြန်လည်တည်ဆောက်နေသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)