မိုးညှင်းမြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 

မိုးညှင်း   စက်တင်ဘာ   ၂၁ 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ ဟိုပင်၊ နန်းမား၊ အင်းတော်ကြီး၊ နန့်မွန်းနှင့် မော်ဟန်ဒေသများတွင် သံဃာတော်/သီလရှင်များ၊ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအသုတ်အနေဖြင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။ 

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးအမည်မှာ Sinopharm ဆေးဖြစ်ပြီး သံဃာတော်/ သီလရှင် (၁၉)ပါး၊ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူ(၉၅၉)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၈)ဦး၊ နာတာရှည် ရောဂါရှိသူ(၃၂)ဦး၊ မသန်စွမ်း ရှစ်ဦး၊ အစိုးရကျန်းမာရေးဝန်ထမ်း(၂)ဦး၊ စေတနာ့ဝန်ထမ်း(၁၀)ဦးနှင့် ဟိုတယ်/ မိုတယ်တည်းခိုခန်းမှနှစ်ဦး စုစုပေါင်း(၁၀၅၀)ဦး စသည်တို့ကို ထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ်အနေဖြင့် အောက်တိုဘာ တတိယအပတ်ထဲတွင် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ 

ဇွဲသူရအောင်