ဟင်္သာတမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု လူဦးရေ စာရင်း  ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ဟင်္သာတ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး   ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို  မေလ ၃ရက်နေ့ မှ စတင်၍ ဟင်္သာမြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်း‌‌ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ လဝကမှူးများ ခေါင်းဆောင်၍ တိုက်နယ်တာဝန်ခံ ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းရှိ အသက် (၁၆)နှစ်အထက် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း၊ အိမ် ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၅၈၇)ဦး၊ မ(၆၉၇) ဦးစုစုပေါင်း လူဦးရေ(၁၂၈၄)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၃၇၂) စု တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့​ပြီး ကျန်ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ပြည်သူများထံသို့လည်း ပန်းခင်းစီမံချက်ဖြင့် ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှသိရှိရသည်။

 ကိုဇော်