နမ့်စန်(တ) စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လည်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၈ ဦး နှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက်ပြသသူများ အပါအဝင်သံသယလူနာ ၄၃ ဦးကို မြို့နယ်ကိုဗစ်ရောဂါစစ်ဆေးရေး စင်တာ၌ ယနေ့ နံနက် ၉ နာရီမှ နေ့လည် ၁နာရီအတွင်း RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ်ကွက်မှ အမျိုးသမီး ၁ ဦး၊ အမှတ်(၂)ရပ်ကွက်မှ အမျိုးသမီး ၁ ဦး၊ အမှတ်(၃)ရပ်ကွက် မှ အမျိုးသမီး ၂ ဦး၊ အမှတ်(၄)ရပ်ကွက်မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာမှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ အမှတ်(၅) ကျေးရွာအုပ်စု၊ အမှတ်(၆)ကျေးရွာမှ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၂၀ ဦးကို ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၊ ၄ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေ မိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွားအလာကန့်သတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ ၁၈ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၀၂၆ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၈၅၆ ဦးနှင့် ဆေးရုံတွင် သေဆုံးသူ ၁၆ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၃၆ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)