ငပုတောမြို့နယ်အတွင်းရှိ သတ်မှတ်စုရပ်များ၌ ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ငပုတော    စက်တင်ဘာ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ အသက်၅၅နှစ်အထက်ရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ဦးစားပေးအဆင့်များတွင် ပါဝင်သော ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံဟောင်းဝန်း အတွင်းရှိ သံဃာဆောင်တွင် ယနေ့နံနက်၉နာရီခွဲမှ ၁၂နာရီအထိနှင့် နေ့လည်၂နာရီမှ ညနေ၄နာရီအထိ ထိုးနှံပေးခဲ့သည်။

ငပုတောမြို့နယ်အတွင်း၌ ဆေးထိုးစုရပ် ၂၀စုခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဦးစားပေး သတ်မှတ်အဆင့်တွင် ပါဝင်သည့် အသက်၅၅နှစ်အထက်ရှိသူများ၊ မသန်စွမ်းစွမ်းသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ယခုလ၁၅ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ၄၇၆၅ဦး ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လှမင်းထွဋ်