ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးမည့်နေရာပြောင်းလဲမှုအား ဝန်ထမ်းများမှ အသံချဲ့စက်ဖြင့်လိုက်လံအသိပေး

ညောင်ဦး  စတင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ ညနေ ၃နာရီ ယနေ့ နံနက် ၆နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့်နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများအသံချဲ့စက် ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင်ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံ တောင်ဘက်စောင်းတန်းတွင် ပြည်သူများအလွယ်တကူထိုးနှံနိုင်ကြရန် ရွေ့ပြောင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိကအလေးထားဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၅၅နှစ်မှ ၅၉နှစ်၊ အသက် ၆၀နှစ်မှ အသက် ၆၉နှစ်နှင့် အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကူးစက်နိုင်သောရောဂါရှိသူများအား လည်းကောင်း၊ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးထိုးရန်ကျန်ရှိသူများ အားလည်းကောင်း၊ စက်တင်ဘာ ၂၂ရက် ၊ယနေ့ မှစ၍ နေ့စဉ် နံနက် ၉နာရီအချိန်မှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာတန်ဆောင်း၊ ပုဂံ အထက၊ တောင်ဇင်းအထက၊ ငါ့သရောက် တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း ၊ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများသိရှိနိုင်စေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးထံမှ သိရသည်။

ကိုထိန်၊KPD