ပေါက်တော စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ သာသနာ့ဗိမာန်စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၁)နေရာတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆက်လက်ထိုးနှံပေးသည်။
အဆိုပါ ဒုတိယအသုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန် တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာ၌ ဌာနအသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အဖွဲဝင်များနှင့်၊ စေတနာဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကြသည်။ တဆက်တည်းမှာပင်၊ မြင့်ဂါကျေးလက်ကျန်းမာရေးဌာ၊ စုရပ်သို့မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက တာဝန်ကျရာနေရာများသို့ သွားရောက် ကြီးကြပ်ခြင်းများကို ဆောင်ရွက်ကြလျက် ကျေးရွာရှိ စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက် ပေးခြင်းများ ပြုလုပ်ပေးကြသည်။
ပေါက်တောမြို့ပေါ်စုရပ်နှင့် ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၁)နေရာတို့တွင် ကာကွယ်ဆေး ထိုးနှံလာကြသည့် အသက်(၅၅)နှစ်နှင့် အသက်(၆၄)နှစ်ထိ(၇၆)ဦး၊ (၆၅)နှစ်အထက်(၅)ဦး၊ Volunteer(၁၀)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု(၃)ဦး၊ ဈေးဆိုင်သည်(၂)ဦးတို့ အပါအဝင် စုစုပေါင်း(၉၆)ဦး ထိုးနှံရန် လာရောက်ကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်၍ ကာကွယ်ဆေး ထိုးနှံလာကြသည့် ပြည်သူများအား ပထမအကြိမ် ဆေးထိုးပြီးခဲ့သော်လည်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရာတွင် မပျက်မကွက် အလေးအနက်ထားပြီး လာရောက်ထိုးနှံပေးကြပါရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျော်သန်း(မြို့နယ်/ပြန်ဆက်)