ရခိုင်ပြည်နယ် မောင်တောမြို့၌ အောင်ဆီဂျင်စက်ရုံ စတင်စမ်းသပ် လည်ပတ်လျက်ရှိ

မောင်တော     စက်တင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အောက်ဆီဂျင် ပြတ်လတ်မှုမရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောင်ဆီဂျင်စက်ရုံကို ပြည်သူ့ဆေးရုံဝင်း အတွင်း တည်ဆောက် လျက်ရှိပြီး ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ရာ အောက်စီဂျင် စက်ရုံအတွင်း စက်ပစ္စည်းများ တပ်ဆင်ပြီးစီးပြီ ဖြစ်သဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်ကစတင် စမ်းသပ်လည်ပတ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင် စက်ရုံမှာ သတ်မှတ်ထားသော မြေကွက်ပေါ်တွင် ပေ ၃၀ x ၃၀ ပေ တစ်ထပ် အဆောက်အဦး မြန်ဆန်ကောင်းမွန်စွာ ပြီးစီးနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခုအခါ  အောက်ဆီဂျင် စက်ရုံအတွင်း စက်ပစ္စည်းများ တပ်ဆင်ပြီးစီးပြီး ဖြစ်သဖြင့်  တစ်နေ့လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၂၀ အိုးထိ ထုတ်လုပ် ပေးနိုင်မည့် ဖြစ်ကြောင်း အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ထံမှ သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)