အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀  နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။
Sep 22,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥများနှင့် အခြေခံစားသောက်ကုန်များကို မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၏ အစီအစဉ်ဖြင့် mobile market ဈေးရောင်းကား များနှင့် အမှတ်(၆)ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းကြားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက် များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် စွန်ဆည်ရေလှောင်တ မံသည်ယနေ့နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်လူမှုဝန်းဦးစီးဌာနနှင့်​ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော စေတနာ့ဝန်ထမ်း Volunteer များ၊ ကျန်းမာရေးနှင့်ကိုဗစ်၁၉ရောဂါကာကွယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်အဝေးခန်းမ၌ကျင်းပသည်။
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်း သာယာလှပစေရေးအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့နယ်ရေစီးရေလာအဖွဲ့မှ ဆူးလေဘုရားလမ်း (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား) ရေမြောင်း ဖြတ်မြောင်းများ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး မြို့နယ် သန့်ရှင်းရေးအဖွဲ့မှ ကမ်းနားလမ်းတစ်လျှောက် သဲ၊ ခဲ များ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၇၆၁ဦးအား ထိုးနှံပေး နိုင်မှုကို ဘန်ရူခန်းမနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့၌ နံနက်၉နာရီအချိန်က ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
Sep 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန့်နေ့ ညနေ ၄ နာရီကမြို့ပေါ်ရပ်ကွက် စာရေးဝန်ထမ်းများကအသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။