‌‌တောင်ဥက္ကလာပမြို့နယ်တွင် ပထမကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးပြီးသော အသက်(၆၅)နှစ် အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများကို ယမန်နေ့ နံနက်(၉)နာရီအချိန်၌ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား Covid-19 Vaccine များကို မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများကို စုရပ်များအလိုက် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိ အသက်(၆၅)နှစ်အထက် အဘိုး/အဘွားများကို အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံတို့ တွင် စုရပ်(၄) နေရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သတင်းရရှိသည်။

ခင်ဆွနှင်း(ပြန်/ဆက်)