အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နယ်စပ်ဒေသ ကျိုင်းလပ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 21,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံတစ် ဝှမ်းလုံးတွင် အမျိုးသားရေး တာဝန်အဖြစ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်၍
Sep 21,2020
ပဲခူတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရွှေကျင်‌‌မောင်မယ် အ‌ရေး‌ပေါ် လူမှုကူညီ‌‌ရေးအသင်းမှ ကိုဗစ် ၁၉-ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်ကြရန် နေ့စဉ် မနက်/ညနေ မော်တော်ယာဉ်ဖြင့် ရွှေကျင်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးသို့ လှည့်လည်အသိပေးကြေညာလျက် ရှိသည်။
Sep 21,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိင်ရေးအတွက် ပြည်ပပြန်များနှင့် ရောဂါဖြစ်ပွားရာ ဒေသအသီးသီးမှ ပြန်ရောက်လာသူများထားရှိသည့် စင်တာများသို့ မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ စောင့်ကြပ်ကြည့်ရှုစင်တာများရှိ အသွားအလာ ကန့်သတ်သီးခြားထားရှိသူများ၏ နှာခေါင်းတို့ဖတ်အာခေါင်တို့ဖတ် ရယူခြင်းကို ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ရာ အဆိုပါဝန်ထမ်းများအနေဖြင့် ရောဂါကူးဆက်မှု မဖြစ်ပေါ်စေရေးအတွက် အလေးထားဂရုစိုက်ကာ စနစ်တကျ ရယူခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Sep 21,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြို့နယ်ခန်းမဆောက်လုပ်နေမှုကို ယနေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ ခရိုင်အုပ်ချုပ်ရေးမှူ ဦးစန်းဌေးနှင့် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Sep 21,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါပျံ့နှံ့မှု မရှိစေရေးအတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုကျင်းပရာ မွန်ပြည်နယ်၊ လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြနှင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။