ဘီးလင်းမြို့နယ်တွင်း ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ရပ်ကွက်နှင့်ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာ အိတ်မျာ ထောက်ပံ့ပေးအပ်

ဘီးလင်း  စက်တင်ဘာ  ၂၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ်ဇူလိုင်လနှင့် သြဂုတ်လများအတွင်းက ဘီးလင်းမြစ်ရေလျှံတက်လာမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအချို့တို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရေးဘေးဒဏ်ခံခဲ့ရသည့် ရပ်ကွက်နှင့် ကျေးရွာများမှ ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မွန်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနီနီမော်က တိရစ္ဆာန်အစာများ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ရေဘေးဒဏ်ခံခဲ့ရသည့်  မြို့ပေါ်ရပ်ကွက် () ခုနှင့် ကျေးရွာအုပ်စု() စုတို့မှ ကျွဲ ၁၁၇၄ ကောင်နှင့် နွား ၁၄၄၂ ကောင်တို့အတွက် တိရိစ္ဆာန်အစာများကို ပြည်နယ်ဦးစီးမှူး ဒေါက်တာနီနီမော် ၊ ခရိုင်ဦးစီးမှူး ဒေါက်တာတင်မော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာနှင်းနှင့် တာဝန်ရှိသူအသီးသီး တို့ကသက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အစာအိတ် ၅၀၀ အားလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း(ပြန်/ဆက်)